Skip to main content

ငွေစာရင်းဆွဲခြင်းနှင့် စုဆောင်းခြင်း (Budgeting and saving)

သင့်ငွေကြေးကို စီမံခန့်ခွဲပြီး သင်လိုအပ်သောအရာများအတွက် စုဆောင်းပါ

Page reading time: 2 minutes

ငွေစာရင်းတစ်ခု (သို့မဟုတ် ငွေကြေးအစီအစဉ်တစ်ခု) လုပ်ခြင်းသည် သင့်အိမ်ထောင်စုအတွင်းမှ ငွေဝင်ငွေထွက်ကို မြင်နိုင်စေပါသည်။ သင့်ငွေကို စီမံခန့်ခွဲရန်နှင့် သင် လိုအပ်သောအရာများအတွက် စုဆောင်းရန် ကူညီပေးပါသည်။

ငွေစာရင်းအလုပ်လုပ်ပုံ

'ငွေစာရင်း' သည် သင့်အိမ်ထောင်စုမှ ဝင်ငွေထွက်ငွေများကို သင့်အား ပြသသည့် ငွေကြေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ငွေစာရင်းသည် အပတ်စဉ်၊ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် လစဉ် ဖြစ်နိုင်သည်။

သင်၏ ငွေကြေးအစီအစဉ်သည် သင့်အား အရေးကြီးဆုံးအရာများကို တွက်ချက်ရာတွင် ကူညီပေးပါသည်။ ထို့နောက် သင် မလိုအပ်သောအရာများကို ဖြတ်တောက်ရန်နှင့် သင်လိုအပ်သောအရာများအတွက် ပိုမိုစုဆောင်းနိုင်ရန် သင် ရွေးချယ်ဆောင်ရွက်နိုင်သည်။

ကိုယ့်ငွေစာရင်းကို ဆွဲပါ

စတင်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

ပိုမို လွယ်ကူစေရန်၊ လွယ်ကူသော ငွေကြေးမန်နေဂျာကို သုံး၍ စာရင်းဖြည့်သွားနိုင်ပါသည်။

၁၊ ဝင်လာသောငွေကြေး

အောက်ပါတို့ကဲ့သို့သော သင့်အိမ်ထောင်စုထဲသို့ ဝင်လာသောငွေ ('ဝင်ငွေ') ကို စာရင်းပြုစုပါ။

ဤအကြောင်းအချက်များကို ရှာဖွေရန် သင်၏ လစာဖြတ်ပိုင်းများ၊ အွန်လိုင်းဘဏ်လုပ်ငန်း သို့မဟုတ် ဘဏ်စာရင်းရှင်းတမ်းများကို ကြည့်ရှုပါ။

၂၊ ထွက်သွားသည့်ငွေကြေး

နေထိုင်စရိတ်၊ ငွေတောင်းခံလွှာများနှင့် အကြွေးဆပ်ငွေများကဲ့သို့သော ထွက်သွားသောငွေ ('ကုန်ကျစရိတ်များ') များကို စာရင်းပြုစုပါ-

သင်၏ အွန်လိုင်းဘဏ်လုပ်ငန်း သို့မဟုတ် ရှင်းတမ်းများ၊ ငွေတောင်းခံလွှာများနှင့် အကြွေးဝယ်ကတ် စာရင်းရှင်းတမ်းများကို ကြည့်ပါ။ ကုန်ကျစရိတ် မည်မျှရှိသည်၊ မည်မျှနှင့် မည်သည့်အခါ ပေးဆောင်ရကြောင်းကို သတိပြုပါ။

၃၊ ဝင်ငွေနှင့် ထွက်ငွေ နှိုင်းယှဉ်ပါ။

ဝင်လာသောငွေစာရင်းကို ထွက်သွားသော ငွေစာရင်းနှင့် နှိုင်းယှဉ်ကြည့်ပါ။

ဝင်ငွေထက် ထွက်ငွေ ပိုများနေပါက- ရွေးချယ်မှုအချို့ ပြုလုပ်ရန် အချိန်သင့်ပါပြီ။ အောက်ပါတို့မှ မည်သည်တို့ ဖြစ်မည်ကို စဉ်းစားကြည့်ပါ-

ဖြတ်နိုင်သည် သို့မဟုတ် လျှော့နိုင်သည်ကို ဆုံးဖြတ်ပါ။ လက်တွေ့ကျပါ - စွဲစွဲမြဲမြဲလုပ်ရန် အရမ်းခက်ခဲသည်ကို မလုပ်ပါနဲ့။

ဖြတ်မည်များကို လုပ်ပြီးနောက် ၀င်ငွေမှ ထွက်ငွေကို နုတ်ပါ။

လက်ကျန်ငွေပမာဏသည် သင်၏ စုဆောင်းငွေပန်းတိုင်အတွက် သင်စုဆောင်းနိုင်သော ငွေ ဖြစ်ပါသည်။

၄၊ သင်၏ စုဆောင်းငွေပန်းတိုင်ကို သတ်မှတ်ပါ။

ငွေစုဆောင်းငွေပန်းတိုင်ကို သတ်မှတ်ခြင်းသည် ကောင်းမွန်သည်ဟု ခံစားရပြီး သင့်အား အာရုံစိုက်နေနိုင်ရန် ကူညီပေးသည်။

သင့်ပန်းတိုင်သည် မည်မျှ ကြီးသည် သေးသည် အရေးမကြီးပါ၊ ယခုသာ စတင်လိုက်ပါ။ ငွေကြေးအနည်းငယ်ကို ပုံမှန်ဖယ်ထားခြင်းသည် အချိန် ကြာလာသည်နှင့်အမျှ တိုးပွားလာပါသည်။

သင့်အတွက် အဆင်ပြေသော ငွေစာရင်းကို ဆွဲပါ။

သင်၏အသုံးစရိတ်နှင့် စုဆောင်းမှုကို ခွဲထားပါ။

သီးခြားဘဏ်စာရင်းများကို အောက်ပါတို့အတွက် ဖွင့်ကြည့်ပါ-

တတ်နိုင်ပါက လစာထုတ်သည့်နေ့တွင် သင့်စုငွေစာရင်းသို့ ပုံမှန် ငွေလွှဲမှုအချို့ကို စီစဉ်ပါ။ ဤနည်းဖြင့် သင်သည် ငွေစုဆောင်းခြင်းကို စဉ်းစားစရာမလိုဘဲ စုနိုင်မည် ဖြစ်ပါသည်။

ဤစုဆောင်းငွေကို စစုရန် အကူအညီ လိုအပ်ပါက သင့်အလုပ်ရှင်၊ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်ကို မေးမြန်းပါ။

သင့်ငွေတောင်းခံလွှာများကို ခွဲ၍ ပေးချေပါ။

လျှပ်စစ်နှင့်ဓာတ်ငွေ့ကဲ့သို့သော ဝန်ဆောင်မှုပေးသူများကို ဆက်သွယ်၍ ငွေတောင်းခံလွှာများကို ခွဲ၍ ပေးဆောင်ခြင်း ('အရစ်ကျပေးဆောင်ခြင်း') အကြောင်း မေးမြန်းပါ။

များပြားသော ငွေတာင်းခံလွှာကြောင့် ဒုက္ခ မဖြစ်စေရန် နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် ပေးချေနိုင် မနိုင် မေးမြန်းပါ။

Centrelink ပေးငွေ သင် ရရှိပါက၊ အရစ်ကျ ပေးဆောင်ရန် ၎င်းတို့၏ အခမဲ့ Centrepay ဝန်ဆောင်မှုကို သင် အသုံးပြုနိုင်ပါသည်။

လိုအပ်ပါက အကူအညီရယူပါ။

သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-