Skip to main content

ငွေကြေးသုံးစွဲခြင်းနှင့် ငွေတောင်းခံလွှာ ပေးဆောင်ခြင်း (Spending and paying bills)

ငွေသုံးစွဲခြင်းများကို စာရင်းမှတ်ပြီး ငွေတောင်းခံလွှာများကို အချိန်မှန် ပေးဆောင်ပါ။

Page reading time: 2 minutes

သင့်ငွေကြေးသုံးစွဲခြင်းကို စာရင်းမှတ်ပြီး သင့်ငွေတောင်းခံလွှာများကို အချိန်မီ ပေးဆောင်နည်းကို လေ့လာပါ။ ဤသည်မှာ ငွေကြေးအတွက် ကြောင့်ကြစိတ်ကို လျော့နည်းစေသောကြောင့် သင်သည် လခရရုံဖြင့်သာ နေရသောသူ မဖြစ်နိုင်တော့ပါ။

ငွေတာင်းခံလွှာများနှင့် ပေးဆောင်နည်း။

'ငွေတောင်းခံလွှာ' ဆိုသည်မှာ သင် ရရှိသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် သင် ပေးဆောင်ရသည့် ငွေကြေး ဖြစ်ပါသည်။ သင့်အိမ်ရှိ တယ်လီဖုန်း၊ အင်တာနက်၊ ရေ၊ လျှပ်စစ်နှင့် ဓါတ်ငွေ့ကဲ့သို့သော ဝန်ဆောင်မှုများအတွက် ငွေတောင်းခံလွှာ ရရှိပါမည်။

သင်အသုံးပြုသည့် ဝန်ဆောင်မှုတစ်ခုစီတိုင်းအတွက် ငွေတောင်းခံလွှာတစ်စောင်ကို ပုံမှန်အားဖြင့် လစဉ် သို့မဟုတ် ငွေတောင်းခံလွှာအမျိုးအစားပေါ် မူတည်၍ ၃ လတစ်ကြိမ် ပေးပို့ပါမည်။

ငွေတောင်းခံလွှာတစ်ခုတွင် ပါဝင်သော အကြောင်းအရာများ

ငွေတောင်းခံလွှာသည် သင့်အား အောက်ပါတို့ကို ပြသပါမည်-

ငွေပေးဆောင်နည်း

သင့်ငွေတောင်းခံလွှာတွင် သင် မည်သို့ ပေးဆောင်နိုင်သည်ကို ရေးထားပါသည်၊ ဥပမာ-

သင့်ငွေတောင်းခံလွှာများကို စီစဉ်ပါ

သတ်မှတ်ရက်အတွင်း ပေးဆောင်ပါ။

ငွေတောင်းခံလွှာ သို့မဟုတ် ငွေကြိုသုံးစာရင်းရှင်းတမ်းတစ်ခု ရသောအခါ 'သတ်မှတ်ရက်'ကို ရှာပါ။ ဤရက်သည် ငွေတောင်းခံလွှာ၊ အကြွေး သို့မဟုတ် ဘဏ်ချေးငွေ ပြန်ဆပ်ခြင်းကို ပေးဆောင်ရမည့်အချိန် ဖြစ်ပါသည်။

ငွေတာင်းခံလွှာကို နောက်ကျပေးဆောင်ပါက ဝန်ဆောင်မှုပေးသူသည် နောက်ကျကြေး ကောက်ခံနိုင်သည်။

နောက်ကျပေးဆောင်ခြင်းသည် သင်၏ 'ငွေကြေးယုံကြည်မှုရမှတ်' သို့မဟုတ် 'ငွေကြေးယုံကြည်မှုအဆင့် သတ်မှတ်ချက်' ကိုလည်း ထိခိုက်နိုင်ပါသည်။ ဤသည်ကို သင့်အား ငွေကြေးယုံကြည်မှု ပေးရန် သို့မဟုတ် ငွေထုတ်ချေးခွင့်ပေးရန် ဆုံးဖြတ်ရာတွင် ဘဏ်တွေမှ အသုံးပြုပါသည်။

ထို့ကြောင့် သတ်မှတ်ရက် မတိုင်မီ သို့မဟုတ် ထက်စော၍ ပေးဆောင်ရန် အကောင်းဆုံး ဖြစ်ပါသည်။

သင့်ငွေတောင်းခံလွှာများကို ခွဲ၍ ပေးချေပါ။

အချို့လများတွင် အခြားလများထက် ငွေတောင်းခံလွှာများ ပိုများနေသည်ကို တွေ့ရတတ်ပါမည်။

ထိုအခါ လျှပ်စစ်နှင့်ဓာတ်ငွေ့ကဲ့သို့သော ဝန်ဆောင်မှုပေးသူများကို ဆက်သွယ်၍ ငွေတောင်းခံလွှာများကို ခွဲ၍ ပေးဆောင်ခြင်း ('အရစ်ကျပေးဆောင်ခြင်း') အကြောင်း မေးမြန်းပါ။

များပြားသော ငွေတာင်းခံလွှာကြောင့် ဒုက္ခ မဖြစ်စေရန် နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် ပေးချေနိုင် မနိုင် မေးမြန်းပါ။

Centrelink ပေးငွေ သင် ရရှိပါက၊ အရစ်ကျ ပေးဆောင်ရန် ၎င်းတို့၏ အခမဲ့ Centrepay ဝန်ဆောင်မှုကို သင် အသုံးပြုနိုင်ပါသည်။

သင်၏ စုဆောင်းငွေများကို သီးခြားထားပါ

သီးခြားဘဏ်စာရင်းများကို အောက်ပါတို့အတွက် ဖွင့်ကြည့်ပါ-

တတ်နိုင်ပါက လစာထုတ်သည့်နေ့တွင် သင့်စုငွေစာရင်းသို့ ပုံမှန် ငွေလွှဲမှုအချို့ကို စီစဉ်ပါ။ ဤနည်းဖြင့် သင်သည် ငွေစုဆောင်းခြင်းကို စဉ်းစားစရာမလိုဘဲ စုနိုင်မည် ဖြစ်ပါသည်။

သင် စုဆောင်းထားသောငွေသည် 'အရေးပေါ်ငွေ' ဖြစ်နိုင်သည်။ ဤငွေသည် သင့်အား မျှော်လင့်မထားသော ငွေတောင်းခံလွှာကြီးများအတွက် ပေးချေရန်၊ သို့မဟုတ် တစ်ခုခု ဖြစ်ပါက သင် သို့မဟုတ် သင့်မိသားစုကို ပြုစုရန် ကူညီပေးပါသည်။

ဤစုဆောင်းငွေကို စစုရန် အကူအညီ လိုအပ်ပါက သင့်အလုပ်ရှင်၊ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်ကို မေးမြန်းပါ။

သင်၏ ငွေကြေးသုံးစွဲခြင်းကို စာရင်းမှတ်ပါ

သင့်ငွေ မည်သို့ ကုန်သွားသည်ကို သိရှိခြင်းက သင့်အား လျှော့သုံးနိုင်ပြီး ပိုချွေတာရန် ကူညီပေးပါသည်။

သင့်ငွေ နေ့စဥ် မည်သို့ ကုန်သွားသည်ကို သိရန်အတွက် 'အသုံးစရိတ် နေ့စဉ်မှတ်တမ်း' ကို သုံးကြည့်ပါ။

လစာနောက်မထုတ်မီ သို့မဟုတ် အနည်းဆုံး တစ်ပတ်တာအတွက် သင် သုံးစွဲသမျှကို မှတ်သားထားပါ။ ဤသို့မှတ်သားခြင်းသည် တစ်နေ့လျှင် မိနစ်အနည်းငယ်သာ ကြာပါလိမ့်မည်။

သင့်ကိုယ်သင် အကဲဖြတ်ခြင်း မဟုတ်ဘဲ သင့်နေ့စဉ် ငွေကြေး အလေ့အထကို သိလာနိုင်ခြင်း ဖြစ်ပါသည်။

ဤသို့လုပ်ရန် သင်ကိုယ်တိုင် ဒါမှမဟုတ် သူငယ်ချင်း၊ အိမ်ထောင်ဘက် သို့မဟုတ် သင့်မိသားစုနှင့် အတူလုပ်နိုင်ပါသည်။

လိုအပ်ပါက အကူအညီရယူပါ။

သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-