Skip to main content

ပင်စင်စုဆောင်းငွေ (Superannuation)

အလုပ်ရပ်နားသော အချိန်အတွက် ငွေစုဆောင်းခြင်း

Page reading time: 2 minutes

အသက်ကြီး၍ အလုပ်ရပ်နားသောအခါ 'အငြိမ်းစားအချိန်' အတွက် စုဆောင်းသောငွေသည် ပင်စင်စုဆောင်းငွေ ('စူပါ') ဖြစ်ပါသည်။ သင့်အလုပ်ရှင်သည် သင့်အတွက် စူပါရန်ပုံငွေတစ်ခုထဲသို့ ငွေထည့်ရမည်။ သင်၏စူပါရန်ပုံငွေမှငွေများသည် သင့်ငွေ ဖြစ်ပါသည်၊ သင့်အလုပ်ရှင် သို့မဟုတ် အစိုးရနှင့် မသက်ဆိုင်ပါ။

ပင်စင်စုဆောင်းငွေသည် မည်သည်နည်း

အငြိမ်းစားယူသည့်အခါ ပင်စင်စုဆောင်းငွေသည် သင်စုဆောင်းထားသောငွေ ဖြစ်ပါသည်။

သင့်အလုပ်ရှင်သည် သင့်လစာအပြင် သင့်အတွက် အကောင့်တစ်ခုထဲသို့ စူပါ ထည့်ပေးရပါမည်။ ထိုငွေကြေးကို သင့်လစာဖြတ်ပိုင်းတွင် ဖော်ပြထားပါမည်။

အချိန်ပြည့်၊ အချိန်ပိုင်း သို့မဟုတ် ကျဗန်းအလုပ်လုပ်သည့်အခါ သင်သည် စူပါရပါသည်။ အကယ်၍ သင်သည် အသက် ၁၈ နှစ်အောက်ဖြစ်ပါက သင်သည် တစ်ပတ်လျှင် နာရီ ၃၀ထက်ပို၍ အလုပ်လုပ်သောအခါမှသာ သင်သည် စူပါကို ရရှိမည်ဖြစ်သည်။

သင် တတ်နိုင်ပါက သင့်စူပါထဲသို့ သင်ထပ်မံ ထည့်နိုင်ပါသည်။ သို့မဟုတ် သင်ဝင်ငွေသည် နည်းနေပါက၊ သင်သည် အစိုးရထံမှ အပိုငွေကို ရနိုင်သည်။

သင့်ဘာသာစကားဖြင့် စူပါအကြောင်း နောက်ထပ် အချက်အလက်များအတွက်၊ သြစတြေးလျအခွန်ရုံး (ATO) ဝဘ်ဆိုက်တွင် ကြည့်ပါ။

စူပါရန်ပုံငွေ ရွေးချယ်ခြင်း

သင် အလုပ်တစ်ခု စတင်သောအခါ သင့်အလုပ်ရှင်က သင့်အား 'ပုံမှန်ရွေးချယ်မှုပုံစံ' ပေးလိမ့်မည်။ ဤပုံစံသည် သင်၏ စူပါရန်ပုံငွေ ရွေးစရာများကို ‌ရွေးချယ်ခြင်း ဖြစ်ပါသည်။

သင်၏စူပါရန်ပုံငွေကို သင်ကိုယ်တိုင် ရွေးချယ်နိုင်သည်။ အရင်အလုပ်မှ ရန်ပုံငွေရှိပါက ထိုရန်ပုံငွေကို သိမ်းထား နိုင်ပါသည်။ သို့မဟုတ် နောက်တစ်မျိုးရန်ပုံငွေကို ရွေးပါ။

သင့်တွင် ရန်ပုံငွေမရှိသေးပါက၊ သင်၏စူပါကို သင့်အလုပ်ရှင်က ရွေးချယ်ထားသော 'မူလ' စူပါရန်ပုံငွေတွင် စူပါ ပေးမည်ဖြစ်သည်။ သင့်အလုပ်ရှင်သည် သင့်စူပါကို သင့်ရန်ပုံငွေထဲသို့ အနည်းဆုံး ၃ လတစ်ကြိမ် ပေးပါမည်။

စူပါရန်ပုံငွေများအားလုံး အခကြေးငွေ ကောက်ခံပါသည်။ အခကြေးငွေများသည် ဒေါ်လာနှုန်း သို့မဟုတ် သင်ထည့်သွင်းငွေ၏ ရာခိုင်နှုန်းတစ်ခု သို့မဟုတ် နှစ်ခုလုံး ဖြစ်နိုင်သည်။ ယေဘူယျအားဖြင့် အခကြေးငွေ နည်းလေ၊ ပိုကောင်းလေဖြစ်သည်။

စူပါရနိုင်သောအချိန်

သင်၏ 'ထိန်းသိမ်းမှုအသက်' ရောက်သောအခါ သင်၏စူပါကို သင် ရနိုင်ပါသည်။ ဤအသက်သည် သင်မွေးဖွားသည့်အချိန်ပေါ် မူတည်ပါသည်။ ၁၉၆၄ခုနှစ် ဇူလိုင်လ ၁ ရက်နောက်ပိုင်း မွေးဖွားပါက အသက် ၆၀တွင် စူပါကို ရရှိနိုင်ပါသည်။ သို့မဟုတ် သင်သည် ၁ ဇူလိုင် ၁၉၆၄ မတိုင်မီမွေးဖွားပါက၊ သင်သည် သင်၏စူပါကို စောစော ရနိုင်ပါသည်။

သင်သည် သင်၏ ထိန်းသိမ်းသည့်အသက်သို့ရောက်သော်လည်း အငြိမ်းစားမယူရသေးပါက၊ ပင်စင်အနေဖြင့် သင့်စူပါ၏အစိတ်အပိုင်းကို သင်ရနိုင်ပါသည်။

စူပါစောစောရယူခြင်း

(အသက်မပြည့်မီ) စူပါ စေစောရယူရန် တင်းကြပ်သောစည်းမျဉ်းများ ရှိပြီး စည်းကမ်းဖောက်ဖျက်ပါက ပြင်းထန်သော ပြစ်ဒဏ်များ ကျခံနိုင်ပါသည်။

အချို့သောအခြေအနေများတွင်၊ သင်သည်သင်၏စူပါ စောစာ ရနိုင်ပေမည်။

ဥပမာအားဖြင့် သင့်တွင် ကျန်းမာရေးအရ ရောဂါရှိပြီး အလုပ်မလုပ်နိုင်ပါက သို့မဟုတ် သင့်အလုပ်ချိန်ကို လျှော့ချပါက။ သို့မဟုတ် သင့်နေထိုင်မှု ကုန်ကျစရိတ်ကို မပြည့်မီနိုင်သဖြင့် Centrelink အကျိုးခံစားခွင့်များကို ၂၆ ပတ် (၆ လခန့်) ရရှိနေပါက။ သို့မဟုတ် သင့်တွင် မကုသနိုင်သောရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်း ရှိပါက။

ဤအကြောင်းများအနက်မှ တစ်ခုခုကြောင့် သင့်စူပါကို ရယူရန် လိုအပ်ပါက၊ ငွေကြေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ကူညီနိုင်ပါသည်။

စူပါလည့်စားမှုများကို သတိထားပါ။

လည့်စားသူသည် သင့်အား စူပါ စောစောရရန် ကူညီပေးနိုင်သည် သို့မဟုတ် ၎င်းကို အခြားရန်ပုံငွေသို့ ပြောင်းရွှေ့နိုင်သည်ဟု ကမ်းလှမ်းနိုင်သည်။ သတိထားပါ၊ ထိုသူများသည် သင့်၏ငွေကို ခိုးရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပါသည်။

လှည့်စားမှုများကို ရှောင်ရှားရန်၊ သင် မလုပ်ဆောင်မီ သင်၏စူပါရန်ပုံငွေနှင့် စစ်ဆေးပါ။

အောက်ပါတို့ကို သတိထားပါ-

လှည့်စားသူသည် သင့်စူပါကို ရယူရန် ကြိုးစားနေသည်ဟု သင်ထင်ပါက ၁၃ ၁၀၂၀ ATO သို့ သတင်းပို့ပါ။

လိုအပ်ပါက အကူအညီရယူပါ။

သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-