Skip to main content

ဘဏ်ချေးငွေနှင့် အကြွေး (Credit and debt)

ဘဏ်ချေးငွေနှင့် အကြွေးကို ချင့်ချိန်စွာ စီမံခန့်ခွဲနည်း

Page reading time: 2 minutes

ဘဏ်ချေးငွေ အမျိုးအစားများ အကြောင်းကို နားလည်သဘောပေါက်ပါ။ ငွေမချေးမီ မည်သည်တို့ လုပ်ရမည်၊ အကြွေးများကို မည်သို့ စီမံခန့်ခွဲရမည်ကို ‌လေ့လာပါ။

ဘဏ်ချေးငွေအကြောင်း

‘ဘဏ်ချေးငွေ’ သည် ဘဏ် သို့မဟုတ် ငွေကြေးပံ့ပိုးပေးသူထံမှ သင် ချေးယူသောငွေ ဖြစ်ပါသည်။ ဤချေးငွေကို ပြန်ပေးရမည့်အပြင် အတိုးနှင့် အခကြေးငွေများ (ရှိပါက) ပေးဆပ်ရပါမည်။

'အတိုး' သည် သင်ချေးယူသောငွေ အပေါ် သင်ပေးဆပ်သော ငွေကြေး ဖြစ်ပါသည်။

'ချေးငွေ' ဆိုသည်မှာ သင် ချေးယူပြီး သဘောတူထားသည့်အချိန်အတွင်း ပြန်ပေးရသည့် ငွေဖြစ်သည်။ ပုံသေ (တူညီနေနိုင်သည်) သို့မဟုတ် ပြောင်းလဲနိုင်သော (အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်) အတိုးနှုန်းဖြင့် ချေးငွေအပေါ် သင် အတိုးပေးဆပ်ရသည်။

'အကြွေး' သည် ဘဏ်မှ ချေးယူထားသော ငွေများ (ဘဏ်ချေးငွေ သို့မဟုတ် ချေးငွေ) ကဲ့သို့သော သင်အကြွေးများ ဖြစ်ပါသည်။ သို့မဟုတ် သင် မပေးရသေးသော ဝယ်ယူမှု သို့မဟုတ် ငွေတောင်းခံလွှာတစ်ခု။

ဘဏ်ချေးငွေကို ရှောင်လိုပါက 'လက်ငင်းပေးကတ်' ကို သုံးနိုင်ပါသည်။ ၎င်းသည် အရာများအတွက် သင့်ကိုယ်ပိုင်ငွေကို အသုံးပြုနိုင်သည်။

ဘဏ်ချေးငွေနှင့် ပြန်ဆပ်နည်းများ

ဘဏ်ချေးငွေနှင့် ချေးငွေ အမျိုးအစားများ ရှိသည်၊

'လစာထုတ် ချေးငွေများ' သို့မဟုတ် 'ငွေသားချေးငွေများ' ကိုလည်း ကြော်ငြာထားသည်ကို သင်တွေ့နိုင်ပါသည်။ ဤသည်များသည် ချက်ချင်း ‌ဖြေရှင်းနိုင်သည်ဟု ယူဆရသော်လည်း အခကြေးငွေ ပိုကုန်ကျကြပါသည်။ အတိုးမရှိသော ချေးငွေများကဲ့သို့ သင် လိုအပ်သောအခါတွင် စျေးသက်သာသော နည်းလမ်းများ ရှိပါသည်။

ငွေမချေးမီ လုပ်ဆောင်ရန်

သင် ဘယ်လောက် တတ်နိုင်သည်ကို တွက်ချက်ကြည့်ပါ။

အကြွေးဝယ်စနစ် သို့မဟုတ် ချေးငွေမရယူမီ၊ ချေးယူရန်နှင့် ပြန်ဆပ်ရန် မည်မျှတတ်နိုင်သည်ကို ဆန်းစစ်ပါ။

သင့်ထံဝင်လာသောငွေ (သင်၏လခ သို့မဟုတ် 'ဝင်ငွေ')ကို ထွက်သွားသောငွေ (သင်၏ငွေတောင်းခံလွှာများ သို့မဟုတ် 'စရိတ်များ') နှင့် နှိုင်းယှဉ်ပါ။

ထို့နောက် သင်၏ အကြွေးဝယ်ယူစနစ် သို့မဟုတ် ချေးငွေပြန်ဆပ်မှု မည်သို့ ဖြစ်လာမည်ကို တွက်ချက်ပါ။ ပြန်ဆပ်ရန် တတ်နိုင်သည်ထက် ပိုချေးခြင်းကို ရှောင်ကြဉ်ပါ။

အကောင်းဆုံးစျေးကိုရရန် ခရက်ဒစ် သို့မဟုတ် ချေးငွေများကို နှိုင်းယှဉ်ပါ။

ရေခဲသေတ္တာအသစ်ရှာနေသည်ဆိုပါက ပထမဆုံးမြင်ရတဲ့ ရေခဲသတ္တာကို မဝယ်ပါနဲ့။ သင့် လိုအပ်ချက်များနှင့် ကိုက်ညီပြီး အသက်သာဆုံးစျေးနှုန်းကို သင်ရှာဖွေပါ။

ပိုက်ဆံချေးသည့်အခါတွင်လည်း အလားတူ ဖြစ်ပါသည်။ သင့်လိုအပ်ချက်များနှင့်ကိုက်ညီသော အကြွေးဝယ်စနစ် သို့မဟုတ် ချေးငွေကို ရှာဖွေပါ။ ကုန်ကျစရိတ်နှင့် ချေးငွေကို မည်သို့ပြန်ဆပ်ရမည်ကို ရှာဖွေမေးမြန်းပါ။

သင်မသေချာသည့်အရာများ ရှိပါက မေးခွန်းများ မေးပါ။ သို့မဟုတ် မိသားစု သို့မဟုတ် သူငယ်ချင်းများထံမှ အကူအညီရယူပါ

ဘဏ်ချေးငွေနှင့် အကြွေး စီမံခန့်ခွဲနည်း

သတ်မှတ်ရက်အတွင်း ပေးဆောင်ပါ။

သင်၏ ဘဏ်နှင့် အကြွေးဝယ်ကတ် သုံးစွဲမှုများကို အွန်လိုင်း သို့မဟုတ် လစဉ်စာရင်းရှင်းတမ်းများတွင် စစ်ဆေးပါ။

သင့်ငွေတောင်းခံလွှာများနှင့် စာရင်းရှင်းတမ်းများပေါ်ရှိ 'သတ်မှတ်ရက်' ကို ရှာဖွေပြီး ထိုရက်စွဲ သို့မဟုတ် မတိုင်မီတွင် သင်ပေးဆောင်ကြောင်း သေချာပါစေ။

လစဉ် တတ်နိုင်သလောက် များများ ပေးဆောင်ပါ။

အကြွေးဝယ်ကတ်များကဲ့သို့သော အချို့သော အကြွေးဝယ် ထုတ်ကုန်များသည် သင့်စာရင်းရှင်းတမ်းတွင် 'အနည်းဆုံးပေးချေမှု' ငွေကြေးကို ဖော်ပြထားပါသည်။

လစဉ် အနည်းဆုံးဆပ်ငွေထက် များအောင် ပြန်ဆပ်နိုင်ပါက အကြွေးကို မြန်မြန် ဆပ်နိုင်ပါမည်။ ထို့အပြင် အပိုအတိုး သို့မဟုတ် နောက်ကျကြေးများ ပေးဆောင်ခြင်းမှ ရှောင်ကြဉ်နိုင်ပါမည်။

အနည်းဆုံးဆပ်ငွေကိုသာ ပေးချေပါက အတိုး ပိုပေးရပါမည်။ ထိုအခါ သင့်အကြွေးကို အကြေအလည် ဆပ်နိုင်ရန် အချိန် အတော်ကြာနိုင်ပါသည်။

လိုအပ်ပါက အကူအညီရယူပါ။

သင်လိုအပ်ပါက အခမဲ့ အကူအညီ ရရှိနိုင်သည်-